ဓာတ်မြေဩဇာတွေ တင်သွင်းမှုအပေါ် ကောက်ခံသည့်ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို နောက်ထပ်တစ်လ ထပ်မံ ကင်းလွတ်ခွင့်ပြုမယ်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ပါသည်။ ဓာတ်မြေဩဇာတွေ တင်သွင်းမှုအပေါ် ကောက်ခံသည့်ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ဧပြီ ၁ ရက်ကနေ မေလ ၃၁ ရက်အထိ ကင်းလွတ်ခွင့်ပြုခဲ့ရာကနေ ယခုအခါ ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်ခွင့်ပြုကြောင်း သိရှိရသည်။
နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များ လျော့ကျစေရန်အတွက် ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့်ပြုလိုက်ခြင်း ဖြစ်ပါသည်။ အခွန်ကင်းလွတ်ခွင့်ဟာ အကောက်ခွန်ဦးစီးဌာနမှာ ဇွန် ၃၀ ရက်နေ့အထိ Import Declaration(ID) ဖွင့်လှစ်တင်သွင်းသည့် ဓာတ်မြေဩဇာတွေအပေါ် အကျုံးဝင်မှာ ဖြစ်တယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ဖော်ပြထားကြောင်း သိရှိရသည်။
Source: https://onenewstvchannel.com